Sign in

လင်းအားကောင်း ဆလိုက်မီး (Phone Power Bank COB Work Light)

15,000 Ks

  • Bahan
  • 2018.06.24
  • № 171113
  • အားသွင်းနေချိန်တော့ အသုံးမပြုသင့်ပါဘူး ...

    ထည့်သွင်းအသုံးပြုတဲ့ ဓါတ်ခဲကိုလည်း ၁၅၀၀ ကျပ်နဲ့ လွယ်လင့်တကူ ၀ယ်ယူနိုင်ပါတယ် ...

    တစ်ခုဝယ်ရုံနဲ့ နှစ်မျိုး ရရှိမယ့် ပစ္စည်းလေးပါ .. လင်းအားကောင်း ဆလိုက်မီး အဖြစ်သာ မကပဲ၊ ဖုန်းကိုအားပြန်သွင်းပေးနိုင်မယ့် Power Bank အဖြစ်လည်း သုံးနိုင်မှာပါ ... မရှိမဖြစ်ဆောင်ထားသင့်တယ်နော့် ...

    ရိုးရိုးဓါတ်မီးများနဲ့ မတူပဲ အကောင်းဆုံးသော အလင်းရောင်၊ ကျယ်ပြန့်သော အလင်းရောင် ကို ရရှိစေပါမယ် ... ဘယ်လိုနေရာသုံးသုံး အသုံးတည့်မယ်အရာလေးပေါ့ .. ကားထဲမှာပဲ ဆောင်ထားမလား? ရုံးမှာပဲ အသုံးပြုမလား? အိမ်မှာပဲ ညရေးညတာအတွက် ထားမလား? ကြိုက်တဲ့နေရာသုံးစေဗျား ...

    အားကုန်တော့မှာလား၊ မကုန်သေးဘူးလား၊ ဘယ်လောက်ကျန်သေးလား ဆိုတာကိုလည်း ပြသပေးတဲ့ မီးအနီရောင်လေးတွေနဲ့ ပြပေးထားတာဆိုတော့ အတော့်ကိုအဆင်ပြေအောင် ပြင်ဆင်ပေးထားတာကို မြင်တွေ့ရမှာပါ ...

    ကားပျက်တဲ့အချိန်အသုံးတည့်မယ် မီးအနီ၊ အပြာ မှိတ်တုတ်၊ မှိတ်တုတ်စနစ်လည်း ပါဝင်သလို မီးအလင်းအားကိုလည်း အဝေးပြေးမီးအား၊ အားအပျော့စနစ်၊ ပစောက်ပုံ မီးကွေးဆိုပြီးတော့ ကြိုက်နှစ်သက်ရာ ရွေးချယ်သုံးနိုင်သေးတယ်ဗျ ...

    အားအပြည့်သာ ရှိမယ်ဆိုရင် ၄ နာရီကြာအောင် အသုံးပြုနိုင်ပြီးတော့ ဓါတ်ခဲကတော့ ၂ လုံး ထည့်သွင်းအသုံးပြုရမှာပါ .. တစ်ခါတည်း ပါပြီးသာပါ ခင်ဗျ .. ဓါတ်ခဲဗို့ကတော့ 3.7V 18650 ရှိတဲ့ ဓါတ်ခဲပဲ ဖြစ်ပါတယ် ...

    COB မီးအမျိုးအစားဖြစ်တဲ့အတွက် သာမန် LED မီးနဲ့မတူပဲ ပိုမိုကောင်းမွန်တဲ့ မီးအလင်းရောင်နဲ့အတူ ရေရှည်အသုံးပြုနိုင်တာကို အံ့မခန်း တွေ့မြင်ရမှာပါ ...
Report

Attention!

By using our site, you acknowledge that you have read our Privacy Policy and you agree to our use of cookies.

Ok