ဦးရွှေအိုးဘုရား

တန်ဖိုးမရေးထားပါ
4.8 128
0

ရောင်းချသူ: Htet Htet Khaing

ဝဘ်ဆိုဒ်တွင်ရှိနေသောရက် : ၃၂ရက်

ကြည့်သူအရေအတွက်: 46 (+1)

ရန်ကုန် 17-05-2018
# 152940
ဦးရွှေအိုးဘုရား ခေါ် ဝါစိမ်းနီဘုရား
တစ်ဆူချင်းဈေး
5 လက်မ - 4300
7 လက်မ -4500
9 လက်မ -5500
11 လက်မ -10000
အဆူ ၂၀ အထက်ဈေး
5 လက်မ -3800
7 လက်မ -4000
9 လက်မ -5000
11လက်မ -9000
အဆူ အရေအတွက် ၅၀ အထက် ၁၀၀ အထက်ယူလိုသူများ လက္ကားယူလိုသူများ Cb သို့ကြွခဲ့ပေးပါရှင့်
အထူးဈေးနှုန်းများဖြင့်သက်သာစွာဆောင်ရွက်ပေးပါ့မယ်ရှင့်
ဦးရွှေအိုးဘုရား
""""""""""""''''''""""""
group မှ မိတ်ဆွေ တစ်ယောက်က ဦးရွှေအိုး ဘုရား
အ ကြောင်း စိတ်ဝင် စားစွာ မေးမြန်းလာ၏။
ကျေးဇူးတင် ပါသည် ။သို့သော် ကျွန်ုပ် မှာ ကိစ္စများမြောင်
လူတို့ဘောင် တွင် စားဝတ်နေ ရေး သားရေး သမီးရေး
လူမှု စီးပွါးရေး ကိစ္စ ရပ်များဖြင့် မနားရ အောင် ဖြစ်နေပါ၍
အချိန်နှင့် တ ပြေးညီ အ ဖြေ မ ပေးနှိုင် ခဲ့ပါ ။အချိန်ပေးနှိုင်
သော သန်းကောင်ယံ 12:00 နာရီ ခန့် တွင် လည်း
ဦးရွှေအိုး မှာ ခေါင်းထည်းတွင် မရှိတော့ပါ ။သို့သော်
ကျွန်ုပ် တို့ကိုယ်တိုင် အောင်မြင် ကြီးပွါးခဲ့သော နည်းစံနစ်
ဖြစ်နေ၍ မိတ်ဆွေများ အကျိုးငှာ မှတ်မိသမျှသာ ဖေါက်သည်
ချ လိုက် ရ ပေ တော့သည် ။
အဘမင်းသိင်္ခ မှ ယခုလိုမျိုး သန်းကောင်ကျော်
2:00 နာရီခန့်တွင် ပြောပြခဲ့ခြင်း ဖြစ်လေသည် ။
အင်းဝခေတ် က ပါဘဲ ။ ဗါးမဲ့ မည်တွင် ထင် ရှားကျော်ကြား
မင်းဆရာ တစ်ပါးရှိခဲ့ လေသည် ။
ဆရာတော်သည် လောကီပညာရပ် များတွင် နှံ့စပ် ထိုးဖေါက်
သူမတူအောင် ကျွမ်းကျင် တတ် မြောက် သူဖြစ်၏။
ထိုစဉ်ချိန်ခါ
အင်းဝ မြို့မန်ကျဉ်းတန်းနေ ဦးရွှေအိုးဆိုသူ ကပ္ပိယ
ကြီးတစ်ဦးသည် ဆရာတော် ၏ ဝေရာ ဝစ္စ မှန်သမျှကို
မညီး မငြူ ပြုစု လုပ်ကြွေး ခဲ့ပါ၏ ။
တစ်နေ့ သောအခါ မင်းသားတစ်ပါးသည် ဆရာတော် ထံပါး
ရောက် ရှိလာပြီး ၊
ဆရာတော်ဘုရား ယခု အခါ တိုင်းမှူး ရာထူး
လစ်လပ်နေပါသည် ။တပည့်တော်တို့ လို
မင်းသားက သုံးပါးရှိ၏ ။
အဲဒီနေရာကို တပည့်တော် လိုချင် ပါသည် အရှင် ဘုရားဟု
လျှောက် တင် လေ တော့ သည် ။ ဆရာတော်လည်း
ကွမ်းရွက်ပေါ်တွင် ထုံးဖြင့် စမ စီမံကာ
သုံးရက်အတွင်း တိုင်းမှူး ရာထူးကိုရလိမ့်မည် ဟု မိန့်ကြား
ပေးသနားလိုက်လေ တော့သည် ။
ထိုနောက် ဝန်ကြီး တစ်ဦး ရောက် ရှိ လာပြန်လေ၏။
ထိုဝန်ကြီး ကလည်း ဆရာတော်ဘုရား ဝန်ကြီးချုပ် ရာထူး
လစ်လပ်နေပါသည် ။
တပည့်တော်တို့ လို ဝန်ကြီး ကလည်း ၆ ဦးတောင် မှ အဲ့ဒိ
ဝန်ကြီးချုပ် နေရာကို မှန်းဆချိန် ရွယ် လာဘ်ထိုးမျှော်ကိုး
နေကြပါတယ်ဘုရား။ တပည့်တော်လည်း ထိုဝန်ကြီးချုပ်
အလွန်လုပ်ချင် လို့ စောင် မ ကူညီပါ ဘုရား ဟု
လျောက် တင် ပြန် ရာ
ဆရာတော်လည်း ထိုဝန်ကြီးအား သ ပြေ တစ်ဆုပ် ဂါဌာ အုပ်၍
ပေးလိုက်၏။ ဒကာ ဝန်ကြီး
၇ ရက်အတွင်း ဝန်ကြီးချုပ် ဖြစ်မည် ဟု မိန့်လိုက်လေ တော့၏။
များ မကြာမီ ကုန်သည်တစ်ဦး ရောက်လာပြန်၏။
ထိုကုန်သည်သည် က ဆရာတော်အား တပည့်တော်ဟာ
ကုန်သည်ပေါက်စ င မျောက် ငကြွ ဖြစ် နေပါ၍
ကုန်သည်ကြီး ဖြစ်ချင် ပါသည် ဟုလျောက်ထားပြန်၏။
ဆရာတော်လည်း ထိုကုန်သည်အား မီးထွန်းအင်းတစ်ချပ်
စီရင် ပေးပြီး တစ်လ အတွင်း ကုန်သွယ် အမြတ် မှတ်မှတ်
ထင် ထင် ဂွင် ကြီးဝင်၍ ကုန်သည်ကြီး ဧကံ ဖြစ်မည်
ဟု ကောင်းချီး ပေးလိုက် လေ တော့သည် ။
သို့နှင့် တစ်လ သီတင်း ပြည့်သောအခါ - - -
မင်းသားသည်လည်းကောင်း ၊ဝန်ကြီးသည်လည်းကောင်း ၊
ကုန်သည်သည်လည်းကောင်း ၊ ကောင်းနိုးရာရာ
လှူဖွယ်ပစ္စည်းအစုစု တို့ဖြင့် ဆရာတော်ကျောင်းသို့
ရောက် ရှိလာကာ
မင်းသားကလည်း တိုင်းမှူး ဖြစ်ပြီဖြစ်ကြောင်း၊
ဝန်ကြီးလည်း ဝန်ကြီးချုပ်ဖြစ်ပြီ ဖြစ်ကြောင်း ၊
ကုန်သည်လေး ကလည်း ကုန် တစ်ခေါက် နှင့်ပင်
ကုန်သည်ကြီးဘ၀ ရောက် ပြီ ဖြစ်ကြောင်း
လျှောက်တင် ကြ လေ တော့သည် ။
ထိုအခါ ကပ္ပိယကြီး ဦးရွေအိုး ၏ ရင် မှာ မချိ ကလိ ကလိ
ဖြစ် ရ လေ ကာ ဆရာ တော်အား လျှောက်တင် လေ တော့သည် ။
ဆရာတော် ဘုရား လာသမျှလူ မှန်သမျှ ကြီးပွားချမ်းသာအောင်
လုပ်ဆောင် ပေးခဲ့သည် ။
ဟောဒီ့ အင်းဝ တစ်ပြည်လုံးမှာ အဆင်းရဲဆုံး င ရွေအိုး
ဆန်ကွဲနဲ့မန်ကျည်းရွက်နဲ့  ပြုတ်သောက် နေ တာတောင်
နပ် မမှန်ဘူး ။ အရှင် ဘုရားကို ဝတ်ကြီး ဝတ်ငယ် ပြု
နင်းနှိတ် ပေးရလွန်းလို့ ဟောဒီ့ တံတောင် ဆစ်များပင်
ကျွဲပခုံးများ ထ နေပါပြီ ။
တပည့်တော်ကို ကြီးပွားချမ်းသာအောင် ဘာလို့  လုပ်
မ ပေးတာလဲဘုရား ဟု ပေါက်ကွဲ ပြတ်သားစွာ
လျှောက်တင် လေ တော့၏ ။
ထိုအခါ ဗားမဲ့ဆရာတော်ကြီးက
ဟဲ့ ရွှေအို ပညာရှိဆိုတာ စည်နဲ့တူသကွဲ့ ၊
တီးမှ မည်တာမျိုးကိုး ၊
နင် ငါ့ဆီမှာ ဘယ်နှစ်ခါများ တောင်းဖူးသလဲ။
တို့ များ လောကီပညာမှာ မ တောင်းယင် မ ပေးရဘူးကွဲ့။
ဟု မိန့်တော်မူရာ - - -
ဦးရွှေအိုးက "တောင်းမှ ပေးမယ်ဆိုရင်လည်း အခုပေးပါ။
တပည့်တော် သူဌေးဖြစ်ချင် နေပါပြီ ဘုရား” ဟု လျှောက်တင်
လေ ၏ ။
ထိုအခါ မှ ဗားမဲ့ဆရာတော်ကြီးက ပြုံးတော်မူကာ
ကောင်းပြီ ရွှေအိုးရေ ။မောင် မင်း ကျွန်းသားနဲ့ 
ဘုရားဆင်းတုတော်ထု ။ အနည်းဆုံး ၆ လက်မ ရှိရမယ်။
အဲဒီ ဆင်းတုတော် မှာ သင်္ကန်းတော်ကို အနီရောင်
ဆေးချယ်။ ပလ္လင်တော်ကိုတော့ အစိမ်းရောင်တောက်တောက်
ဆေးချယ်။ ခေါင်းတော်မျက်နှာတော် လက်ဝါးတော်ကိုတော့
တတ်နိုင် လျှင် ရွှေချ။ မတတ်နိုင် လျှင် အ၀ါရောင်
တောက်တောက်ကို ချယ် ပြီး ကိုးကွယ် ပေ တော့ ချမ်းသာပြီ
ဟု ဆိုကာ ရွတ်ဆိုရမည့် ဂါဌာကိုပါ ပေးလိုက်လေ တော့သတည်း။
ဧဝံ အစိန္တိယာ ဗုဒ္ဓာ ၊
ဗုဒ္ဓ ဂုဏာ အစန္တိယာ ။
အစန္တိ ယေ ပ သန္နာဏံ ၊
ဝိပါ ကော ဟောတိ
မမ အစိန္တိ ယော ။
ထိုနေ့မှစ၍ ဦးရွှေအိုးသည် ဆရာတော်မှာသည့်
အတိုင်းပြုလုပ်၍ ဆင်းတုတော်ကို ကိုးကွယ်ခဲ့လေသည်။
များမကြာမီ မှာပင် အခြားတစ်ပါးမှ ကုန်သည် တို့သည်
ဦးရွှေအိုး ထံ ကုန်များအပ်၍ ပြန်ကြ လေ၏ ။ ဦးရွှေအိုး လည်း
ရိုးဖြောင့် မှန်ကန်စွာ ရောင်းဝယ် ဖေါက်ကား ပေးရာ ကျန် ကုန်သည်
များကလည်း အလုပ် အပ်ကြ လေ၏ ။
ဤသို့နှင့်ပင် အင်းဝမန်ကျည်းတန်းတွင် ဆန်ကွဲကြို၍
သောက်နေရ သော သူဆင်းရဲကြီး ဦးရွှေအိုးသည်
၃ နှစ် အတွင်း သူကြွယ်ကြီး ဦးရွှေအိုးဘဝ သို့ ရောက်ခဲ့
လေ တော့ သတည်း။ ထို့ကြောင့် အင်းဝဘုရင် မင်းခေါင်
ကိုယ်တိုင် ဦးရွှေအိုး အား သူကြွယ် ဘွဲ့ချီးမြင့်ခဲ့လေသည် ။
ဦးရွှေအိုးမှ ဆင်းသက်လာသော မျိုးဆက်ခုနှစ်ဆက်တိုင် တိုင်
ထိုဆင်းတုတော်ကို ကိုးကွယ် ခဲ့ကြသည်
အဆူ အရေအတွက်များများ လှူဒါန်းမည့်သူများ
ပြန်ရောင်းမည့်သူများ
ကိုးကွယ်မည့်သူများ Cb သို့ကြွခဲ့ပေးပါရှင့်
အထူးလျှော့ဈေးနဲ့ပေးပါ့မယ်
ဦးရွှေအိုးဘုရား ~ ~ ~
မှာယူလိုပါက 09442626547 or cb တွင်မှာယူနိုင်ပါသည်
ဖုန်းခေါ်ဆိုတဲ့အခါ ယခုကြော်ငြာကို ipivi.com မှတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းဖော်ပြရန်မမေ့ပါနဲ့။ ဖုန်းမားကက်တင်းသမားများ သို့မဟုတ် တခြားဘယ်ဝဘ်ဆိုက်၏ ကိုယ်စားလှယ်များဆီမှ ဆက်သွယ်မလာစေချင်သောကြောင့်ဖြစ်သည်။
ထုတ်ဝေခြင်းသက်တမ်းကုန်ဆုံးသွားပ

အလားတူကြော်ငြာများ:

ယပ်တောင်ပုံပန်ကာ
3,300Ks
ပရိဘောဂနှင့်အတွင်းပိုင်း
ရန်ကုန်
ဒီ​နေ့, 04:50
ဧည့်ခန်းအလှစားပွဲ ထိုင်ခုံနှစ်ခုပါဝမ်းဆက်
165,000Ks
ပရိဘောဂနှင့်အတွင်းပိုင်း
ရန်ကုန်
ဒီ​နေ့, 04:29
ပုခက်
170,000Ks
ပရိဘောဂနှင့်အတွင်းပိုင်း
ရန်ကုန်
ဒီ​နေ့, 04:29
sofa bed
270,000Ks
ပရိဘောဂနှင့်အတွင်းပိုင်း
ရန်ကုန်
ဒီ​နေ့, 04:02
တယောက်အိပ် လေထိုးမှို့ယာ
25,000Ks
ပရိဘောဂနှင့်အတွင်းပိုင်း
ရန်ကုန်
ဒီ​နေ့, 04:02
အခမဲ့ကြော်ငြာထည့်သွင်းပါ အကောင့်အသစ်ဖွင့်မည်