သူခိုးဖမ်းကိရိယာ ဆိုင်စောင့် ဂိုဒေါင်စောင့် အိမ်စောင့် ရုံးစောင့်

8,500.00Ks
4.1 247
8500

ရောင်းချသူ: Tin Htoo Naing

ဝဘ်ဆိုဒ်တွင်ရှိနေသောရက် : 118ရက်

ကြည့်သူအရေအတွက်: 378 (+ 1 )

ဗဟန်း 19-06-2018
# 168543
⏩ လူမဟုတ်ပဲ အခြားသက်ရှိ သတ္တ၀ါများ ဖြတ်သန်းသွားရုံနဲ့တော့ အသံမမြည်ပါဘူး ခင်ဗျ ... မေးနိုင်တာလေး ကြိုဖြေပေးထားတာပါ ... လူဖြတ်မှသာလျှင် အသံထမြည်မှာပါ ... တပ်ဆင်ဖို့အကောင်းဆုံး အနေအထားကတော့ အိမ်ရဲ့ လူအ၀င်အထွက်တံခါးမကြီးကို မျက်နှာမူပြီး တပ်ဆင်ရင်တော့ အကောင်းဆုံးပါပဲ ... CCTV တို့နဲ့ မျက်နှာခြင်းဆိုင် တပ်ဆင်လို့ မရပါဘူး ခင်ဗျ ... ဆင်ဆာပေါ်ကိုလည်း အလင်းရောင် မကျရောက်ရင်တော့ ပိုကောင်းပါမယ် ... ၁၅ ပေ အတွင်းမှာ လူအ၀င်အထွက်ရှိတာနဲ့ အသံထမြည်မှာ ဖြစ်ပါတယ် ... အပေါ်မှာပြောခဲ့သလို CCTV တို့နဲ့ မျက်နှာခြင်းဆိုင် ဖြစ်နေမယ် ... အလင်းကျနေတာတို့ ဖြစ်နေရင်တော့ ၁၅ ပေ ဆိုတာက လျော့သွားနိုင်ပါတယယ် ... AC နဲ့ သုံးရမှာ မဟုတ်ပါဘူး ... DC ဓါတ်ခဲထည့်သုံးရတာ ဆိုတော့ ပိုပြီးတော့ သုံးလို့ အဆင်ပြေတာပေါ့ ... လူတိုင်းအတွက်၊ အိမ်တိုင်းအတွက်လည်း အဆင်ပြေတာပေါ့ဗျာ ... နောက်တစ်ခုက ဘယ်နေရာမှာပဲဖြစ်ဖြစ် အပြင်ထွက်ရင်၊ အပြင်သွားရင် မိန်းချသွားတတ်ကြတယ် ... အဲဒီတော့ ဒါလေးနဲ့ဆို ပိုအဆင်ပြေတာပေါ့ မီးအားပေးစရာ မလိုဘူးလေ ... ဆိုတော့ကာ မီးဘေးအန္တရယ်လည်း မစိုးရိမ်ရဘူးလေ ... စိတ်ချမ်းသာ လက်ချမ်းသာ သွားလာနိုင်တယ် ... ကိုယ်အပြင်သွားမယ်ဆိုတာနဲ့ Remote လေးနဲ့ Power On ခဲ့လိုက်တာနဲ့ အဆင်သင့်ဖြစ်သွားပြီ ... ၂ မိနစ်ကျော်ပြီဆိုတာနဲ့ အလင်းရောင် ရှိသည်ဖြစ်စေ၊ အလင်းရောင် မရှိသည်ဖြစ်စေ လုံးဝမှောင်မည်းနေသည်ဖြစ်စေ ပေးတဲ့တာဝန်ကို တိကျစွာ လုပ်ဆောင်ပေးမှာပါ ... အလုပ်လုပ်ပုံကတော့ ဆင်ဆာကနေ လူမမြင်နိုင်တဲ့ ရောင်ခြည် အနီရောင် Infrared ကို ထုတ်လွှတ်ပေးပြီး လူဖြတ်မယ် ... လှုပ်ရှားမယ် ဆိုတာနဲ့ အလင်းယိုင်မယ် ... အလင်းယိုင်တာနဲ့ ကျယ်ကျယ်လောင်လောင် အသံကို ကုန်းအော်တော့မှာပါ ...

⏩ Remote Control ထဲမှာတော့ ဓါတ်ခဲက အဆင်သင့်သုံးရန် ပါဝင်ပြီး ... နာရီဓါတ်ခဲထုံးသုံးထားတော့ အလွယ်တကူ ၀ယ်ယူလဲလှယ်လို့ ရပါတယ် ... ၁ နှစ်လောက်ထိကို အသုံးခံတဲ့အတွက် အေးရာအေးကြောင်းပဲ သုံးရုံပါ ... Sensor Main Base ထဲမှာတော့ AA ဓါတ်ခဲ ၄ လုံး ထည့်သုံးရမှာဖြစ်ပါတယ် ... တစ်ခါထည့်ထားရင် ၄ လ လောက်က အသာလေး ပစ်ထားလိုက်ရုံပါပဲ ...

⏩ Alarm လေးကတော့ ဘယ်လိုလူမျိုး ၀င်လာလာ လူမျိုးဘာသာမရွေး အော်မှာပါပဲ ... အိမ်ရှင်ပြန်လာရင်လည်း အော်မှာပါပဲ အဲဒီအခါကျ ၀ယ်ယူစဉ်ကပါတဲ့ Remote လေးနဲ့ Off လုပ်လိုက်တာနဲ့ အသံပိတ်သွားမှာပါ ...

⏩ လုံးဝစိတ်ချခြင်ရင်တော့ အိမ်တစ်အိမ်မှာ ၂ ခုလောက်တပ်ထားရင် လုံးဝ စိတ်ချရပါပြီ ... သူခိုးက အသံလာရင်သိလို့ ဖျက်စီးပစ်မယ်ဆိုလည်း ဓါတ်ခဲလုံးဝထွက်သွားမှသာ အသံတိတ်သွားမှာပါ ... မြည်တဲ့အသံကတော့ ပေ ၂၅၀ လောက်အထိကို ပတ်ပတ်လည် ကြားရအောင် အသံကျယ်လောင်စွာ ထမြည်မယ် ... ပတ်ဝန်းကျင်ကြားရင် ၀ိုင်းပြီ ဆွမ်းကြီးလောင်းမယ် ... ဒါမှမဟုတ် အသံကြားတာနဲ့ သူခိုးက လန့်ပြေးမယ် တန်ဖိုး ၈၅၀၀ ထက်မက တန်တဲ့ ၀န်ဆောင်မှုပဲဖြစ်ပါတယ် ...

⏩ အပြင်သွားမယ်ဆိုရင်တော့ Power On ဖို့ မမေ့နဲ့နော် ... Alarm တစ်ခုမှာ Remote ၂ ခု ပါပါမယ် ... ပါဝါ အပိတ်အဖွင့်ကို Remote နဲ့ ၂၅ ပေ အတွင်းမှာ ခိုင်းစေနိုင်ပါမယ် ...

⏩ ၁၅ ပေ အတွင်းမှာ လှုပ်ရှားမယ်ရှိတာနဲ့ ၇ အိမ်ကြား ၈ အိမ်ကြား ထအော်မှာပါ ... ဒီ ၈၅၀၀ တန် ပစ္စည်းလေးက

⏩ လစာပေးစရာလဲ မလိုပါဘူး ... ရေတိုက်စရာလဲ မလိုပါဘူး ... ၂၄ နာရီ ၇ ရက်ပတ်လုံး တိကျမှန်ကန်စွာ လုပ်ဆောင်ပေးမှာပါ ...
လုံခြုံဝန်ထမ်း ခန့်ထားသလိုကို စိတ်ချရမှာပါ ....

⏩ လုံခြုံရေးဝန်ထမ်းထက်တောင် ပိုမိုစိတ်ချရပါမယ် ...

⏩ ပြောရရင်တော့ လုံခြုံရေး ပစ္စည်းလေးပေါ့ဗျာ ...

⏩ ကဲ ဘယ်နေရာမှာ သုံးမလဲဗျာ ဆိုင်မှာ သုံးမလား ??? အိမ်မှာ သုံးမလား ??? ရုံးမှာ သုံးမလား ??? သုံးခြင်တဲ့နေရာ သုံးတော့ဗျာ ... နောက်မကျစေနဲ့ဦးနော် .. ကုန်သွားမှာစိုးလို့ပါ ခင်ဗျ ....
ဖုန်းခေါ်ဆိုတဲ့အခါ ယခုကြော်ငြာကို ipivi.com မှတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းဖော်ပြရန်မမေ့ပါနဲ့။ ဖုန်းမားကက်တင်းသမားများ သို့မဟုတ် တခြားဘယ်ဝဘ်ဆိုက်၏ ကိုယ်စားလှယ်များဆီမှ ဆက်သွယ်မလာစေချင်သောကြောင့်ဖြစ်သည်။
:( ဤကြော်ငြာသည် မရှိတော့ပါ

အလားတူကြော်ငြာများ:

Mini Smart Finder(new)
8,000.00Ks
အိမ်သုံးစက်ပစ္စည်းများ
ရန်ကုန်
ဒီ​နေ့, 03:58
Laser Photo Tachometer
(လည်ပတ်နှုန်းတိုင်းကိရိယာ)
25,000.00Ks
အိမ်သုံးစက်ပစ္စည်းများ
ရန်ကုန်
ဒီ​နေ့, 03:58
waterproof mini LED light with remote control(new)
6,000.00Ks
အိမ်သုံးစက်ပစ္စည်းများ
ရန်ကုန်
ဒီ​နေ့, 03:58
mini Tower fan
10,000.00Ks
အိမ်သုံးစက်ပစ္စည်းများ
ရန်ကုန်
ဒီ​နေ့, 03:57
ကျင်စက်ဓာတ်မီး
12,500.00Ks
အိမ်သုံးစက်ပစ္စည်းများ
ရန်ကုန်
ဒီ​နေ့, 03:57
အခမဲ့ကြော်ငြာထည့်သွင်းပါ အကောင့်အသစ်ဖွင့်မည်