အ​ကောင့်​ဝင်​ရန်

စွဲစွဲမြဲမြဲသုံးဖြစ်နေတဲ့ Rosehip Oil လေးအကြောင်း🥰

28,500 Ks

စွဲစွဲမြဲမြဲသုံးဖြစ်နေတဲ့ Rosehip Oil လေးအကြောင်း🥰
တည်နေရာ
မှတ်သားချက်များ ဖော်ပြချက်
  • စွဲစွဲမြဲမြဲသုံးဖြစ်နေတဲ့ Rosehip Oil လေးအကြောင်း🥰
    Rosehip Oil ဘူးသေးသေးလေးက အသားရေအတွက် ကောင်းကျိုး များစွာပေးစွမ်းနိုင်တာကြောင့်ပါပဲ
    🌰Rosehip oil ဆိုတာက Rosehip အစေ့ကနေ ထုတ်ယူထားတဲ့ အဆီဖြစ်ပါတယ်။ ဒီအစေ့က ချီလီနိုင်ငံမှာ အများဆုံး အလေ့ကျပေါက်တဲ့ နှင်းဆီမျိုးစိတ်တစ်ခုဖြစ်တဲ့ rosa canina အမျိုးအစားကနေ ရရှိတာဖြစ်ပါတယ်။
    ဒီအဆီမှာ အသားအရေအတွက်ကောင်းကျိုးများစေတဲ့ ဗီတာမင်တွေ၊ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အကျိုးပြုအက်ဆစ်အဆီဓာတ်တွေပြည့်ဝစွာပါဝင်နေပြီး ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တာနဲ့ ရောင်ရမ်းမှုတွေကိုလျှော့ချပေးနိုင်တဲ့ အာနိသင်တွေပါဝင်ပါတယ်။
    👩‍🦰ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျော့ကျစေခြင်း
    Rosehip oil မှာAnthocyanin နဲ့ polyphenols လို့ခေါ်တဲ့ ရာင်ရမ်းမှုတွေကို လျော့ကျပေးတဲ့ဓာတ်တွေပါဝင်ပါတယ်။
    ဗီတာမင်အီး (vitamin E) ကလည်း ရောင်ရမ်းမှုတွေကိုလျော့ကျစေနိုင်ပါတယ်။
    👌👌👌
    အမာရွတ်နဲ့ အရေးအကြောင်းတွေကို ပျောက်ကင်းစေခြင်း
    Rosehip oil မှာပါဝင်တဲ့ အကျိုးပြုအက်ဆစ်အဆီဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက တစ်ရှူးနဲ့ ဆဲလ်တွေရဲ့ အသစ်ပြန်လည်မွေးဖွားမှုကို အထောက်အကူပြုပေးပါတယ်။ ဒါကြောင့် အနာကျက်မြန်စေတာ၊ အမာရွတ်တွေကိုပျောက်ကင်းစေနိုင်တာနဲ့ အရေးအကြောင်းတွေကို သက်သာစေတဲ့အစွမ်းကိုပေးပါတယ်။ ဝက်ခြံပေါက်ပြီး ကျန်ခဲ့တဲ့အမာရွတ်တွေ၊ မျက်နှာအရေးအကြောင်းရှိသူတွေအတွက် အကျိုးရလဒ်ကတော့ အရမ်းကိုသိသာပါတယ်ရှင့်
    ⛅️🌤နေရောင်ခြည်ကြောင့်အသားအရေပျက်စီးတာကို ကာကွယ်ပေးခြင်း
    Rosehip oil မှာပါဝင်တဲ့ ဗီတာမင် A C E တွေက နေရောင်ခြည်ကြောင့်အသားအရေပျက်စီးမှုကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
    👵မှဲ့ခြောက်တွေ တင်းတိပ်တွေနဲ့ အရေပြားအရောင်ရင့်လာတဲ့ အစက်အပြောက်တွေကို လျှော့ချပေးခြင်း
    Rosehip oil မှာက ဗီတာမင်အေ ကြွယ်ဝစွာပါဝင်တယ်။ အဲဒါက အရေပြားအရောင်ရင့်မှုနဲ့ တခြားမြင်နိုင်တဲ့ အိုမင်းရင့်ရော်လာမှုတွေကို လျှော့ချပေးတယ်။ ပြီးတော့ lycopene နဲ့ beta carotene တွေလည်းပါဝင်တဲ့အတွက်ကြောင့် အရေပြားကို တောက်ပကြည်လင်နိုင်စေပါတယ်။
    👩🏻‍🦳ချွေးပေါက်တွေကိုပွင့်စေပြီး အသားအရေကိုတောက်ပလာစေခြင်း
    Rosehip oil မှာမြောက်များစွာပါဝင်တဲ့ ဗီတာမင်အေ (vitamin A) နဲ့ ဗီတာမင်စီ (vitamin C) ကြောင့်ပိတ်ဆို့နေတဲ့ချွေးပေါက်တွေကို ပွင့်စေပြီး အရေပြားကိုစိုပြည်တောက်ပစေနိုင်တဲ့ သဘာဝအစွမ်းသတ္တိတွေရှိပါတယ်။
    👵အရေပြားတင်းအားကို တိုးတက်စေခြင်း
    Roeship oil မှာက ကော်လဂျင်ထုတ်လုပ်ဖို့အတွက်လိုအပ်တဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အေတို့ ကြွယ်ဝစွာပါဝင်ပြီး ကော်လဂျင်ကို ဖြိုခွင်းတဲ့ဓာတ် ခန္ဓာကိုယ်မှာ မဖြစ်ပေါ်လာအောင်လည်း တားမြစ်ပေးတဲ့အတွက် အရေပြားအိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ခြင်းဖြစ်ပါတယ်။
    💦အသားရေကို အစိုဓာတ်ဖြည့်ပေးခြင်း
    Rosehip oil မှာအကျိုးပြုအက်ဆစ်အဆီဓာတ်တွေပါဝင်တဲ့အတွက်ကြောင့် ဆဲလ်တွေရဲ့ နံရံကိုသန်မာစေပြီး ရေဓာတ်ကိုထိန်းထားနိုင်စေတယ်။
    ဒီအဆီမှာပြည့်ပြည့်ဝဝပါဝင်တဲ့ အကျိုးပြုအက်ဆစ်အဆီဓာတ်တွေက အသားခြောက်တာတွေကို အစိုဓာတ်ဖြည့်တာနဲ့ အရေပြားယားယံတာတွေအတွက် အရမ်းကောင်းတဲ့ Rosehip Oil ပါပဲ 🥰
    Rosehip Oil အစွမ်း အံ့မခန်းမို့ သုံးဖူးပြီးသား သူတွေအတွက်ကတော့ပြောစရာမလိုတော့ဘူးနော်
    မသုံးဖြစ်သေးတဲ့ customers များလည်း သုံးကြည့်ဖို့ တိုက်တွန်းပါရစေရှင့်
    Rosehip Oil (30ml).. 28,500 ks
အစီရင်ခံသည်
အလားတူကြော်ငြာများ

Perfect oil အဆီကျ လိမ်းဆေး လိမ်းနည်း ပြောပြချင်လို့ပါ...

6,500 Ks

အလှအပနှင့် ကျန်းမာရေး

  • မော်လမြိုင်
  • ၂၀၂၀.၀၅.၀၆
ခေါ်မည်
မက်ဆေ့ချ်
ပျမ်းမျှအကြောင်းပြန်ချိန်: ၁ ရက်ထက်ပို၍
ရိုးရှင်းသောအပလီကေးရှင်း - လွယ်ကူသောဈေးဝယ်မှု